သင်၏မိုဘိုင်းဖုန်းမှတစ်ဆင့် အချိန်ကုန်၊ လူပန်းသက်သာစွာ အင်္ဂလိပ်စာ သင်ယူနိုင်မည့် အသုံးတည့်သော ဘာသာစကားလေ့လာသင်ယူရေး ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ဝန်ဆောင်မှုတွင် ပါဝင်သည်တို့မှာ - SMS မှ ပေးပို့သော အင်္ဂလိပ်စာသင်ခန်းစာအတိုများ အွန်လိုင်း အင်္ဂလိပ်စာသင်ခန်းစာလေ့လာရေးပေါ်တယ်တို့ ဖြစ်ပါသည်။ ဝန်ဆောင်မှုကို ရယူသုံးစွဲပါက နေ့စဉ်သုံး အင်္ဂလိပ်ဝေါဟာရများ၊ စကားပြောများနှင့် သက်ဆိုင်ရာ ဉာဏ်စမ်းပဟေဠိများကို စာသား၊ အသံ၊ ရုပ်ပုံတို့ဖြင့် လေ့လာခွင့်ရရှိကာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်လာမည် ဖြစ်ပါသည်။ ဝန်ဆောင်မှု ရယူသုံးစွဲရန် 8282 သို့ OK ဟု SMS အခမဲ့ ပေးပို့လိုက်ပါ။ ဝန်ဆောင်မှုတွင် ပါဝင်ပြီးပါက အင်္ဂလိပ်စာသင်ခန်းစာနှင့်အတူ လေ့လာရေးပေါ်တယ်သို့ ဝင်ရောက်ရမည့်လင့်ခ်၊ ဝင်ရောက်ရမည့် အချက်အလက်တို့ကို သင့်ထံသို့ SMS မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်သည်။ ပေးပို့သည့် လင့်ခ်ကို ကလစ်နှိပ်ပါက ဝက်ဘ်ပေါ်တယ်၏ ပင်မစာမျက်နှာသို့ ရောက်ရှိမည်ဖြစ်ပြီး သင်၏ အချက်အလက်များနှင့် ဝင်ရောက်၍ အွန်လိုင်းအင်္ဂလိပ်စာသင်ခန်းစာအပြည့်အစုံကို ပျော်ရွှင်စွာ သင်ယူလေ့လာနိုင်မည် ဖြစ်ပါသည်။ တစ်ရက်ကို ၁၅၈ ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး မိုဘိုင်းဖုန်း ငွေလက်ကျန်မှ အလိုအလျောက် နုတ်ယူသွားမည် ဖြစ်သည်။ ပေါ်တယ်သို့ ဝင်ရောက်နိုင်ရန် (3G/4G သို့မဟုတ် ဝိုင်ဖိုင်) အင်တာနက်ချိတ်ဆက်မှု လိုအပ်သည်။